စာရင်းပေးသွင်းခြင်းများ စတင်ပါပြီ။
Red Bull Power Race Malaysia 2026
Red Bull Power Race ရဲ့ အပြည်ပြည်ဆိုင်ရာ ဗိုလ်လုပွဲသို့ တက်လှမ်းခွင့် ရရှိမယ့် အခွင့်အရေးအတွက် မလေးရှားတစ်ဝှမ်းလုံးက အားကစားသမားတွေဟာ ကွာလာလမ်ပူမြို့မှာ စုဆုံပြီး အရည်အချင်းစစ်ပွဲတွေနဲ့ နိုင်ငံအဆင့် ပြိုင်ပွဲကြီးတွေကို ယှဉ်ပြိုင် ဖြတ်ကျော်သွားကြမှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဗိုလ်လုပွဲကြီးမှာတော့ ထိပ်သီး အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ဟာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိကြမှာ ဖြစ်ပါတယ်။ သူတို့ဟာ Red Bull Power Race ရဲ့ ကမ္ဘာ့ပထမဆုံး ရာသီပိတ်ပွဲအဖြစ် ထိုင်း၊ မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က အကောင်းဆုံး ထိပ်သီးအားကစားသမားတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်သွားရမှာပါ။ အရည်အချင်းပြည့်မီလို့ ရွေးချယ်ခံရသူတွေအနေနဲ့ မလေးရှားနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာစင်မြင့်ထက်မှာ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမယ့်အပြင် လေယာဉ်လက်မှတ်၊ တည်းခိုနေထိုင်ရေးနဲ့ ပြိုင်ပွဲဝင်ခွင့် အစရှိတာတွေကိုပါ အခမဲ့ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲနေ့ဟာ ယှဉ်ပြိုင်မှု သက်သက်တင် မကပါဘူး။ Red Bull ပွဲစဉ်တွေရဲ့ ထူးခြားဆန်းသစ်တဲ့ စွမ်းအင်တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေ၊ တေးဂီတတွေနဲ့ အငွေ့အသက်တွေကိုပါ တစ်ဝကြီး ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲကွင်းအတွင်းရော ကွင်းပြင်ပမှာပါ လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေမယ့် နေ့တစ်နေ့မှာ ပါဝင်ဆင်နွှဲဖို့နဲ့ သင့်ကို လာရောက်အားပေးဖို့အတွက် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အားပေးဖော်တွေကို ခေါ်ဆောင်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
အသေးစိတ် ထပ်မံသိရှိရန်။
Entry Fee
159 MYR















