Rules & Participation

ကမ္ဘာ့ပထမဆုံး Red Bull PowerRace မှ ကြိုဆိုပါတယ်!
Red Bull PowerRace ဟာ လျင်မြန်မှု ၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ ကိုယ်အလေးချိန်ကို အခြေခံတဲ့ ကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားတဲ့ ကြံ့ခိုင်မှုစွမ်းရည်ပြိုင်ပွဲ (Fitness Racing Competition) အသစ်စက်စက် ဖြစ်ပါတယ်။
အရှေ့တောင်အာရှရှိ ကွာလာလမ်ပူ ၊ ရန်ကုန် ၊ ဂျာကာတာ နဲ့ ဘန်ကောက် စတဲ့ မြို့ကြီး (၄) မြို့ထဲက မိမိနှစ်သက်ရာ မြို့မှာ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ National Event မှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အားကစားသမားတွေကတော့ မိမိနိုင်ငံကိုယ်စားပြုအဖြစ် ဘန်ကောက်မြို့မှာ ကျင်းပမယ့် International Final ကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
- ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ မရှိသလို ပစ္စည်းကိရိယာတွေလည်း မလိုအပ်ပါဘူး။
- နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေလည်း မလိုပါဘူး။
- သင်ရယ် ၊ သင့်ခန္ဓာကိုယ်ရယ် ၊ ပြီးတော့ အချိန်နဲ့အပြိုင် အားသွန်ခွန်စိုက် ကြိုးစားမှုရယ်ပဲ လိုအပ်ပါတယ်။
စိန်ခေါ်မှု
သင်လုပ်ရမဲ့ Mission က ရိုးရှင်းပါတယ်။
- ပြိုင်ပွဲလမ်းကြောင်းကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ယှဉ်ပြိုင်ရပါမယ်။
- ပါ၀င်ယှဥ်ပြိုင်တဲ့ အားကစားသမားတိုင်းဟာ အောက်ပါ ပြိုင်ပွဲအဆင့် (၇) ဆင့်လုံးကို ပြီးမြောက်အောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အမျိုးသား
- မီတာ ၄၀၀ အပြေး
- ဒိုက်ထိုး အကြိမ် ၄၀ (Push-Ups)
- မီတာ ၄၀၀ အပြေး
- အိပ်ထမတင် အကြိမ် ၄၀ (Sit-Ups)
- မီတာ ၄၀၀ အပြေး
- ထိုင်ထ အကြိမ် ၄၀ (Squats)
- ပန်းတိုင်ဆီသို့ မီတာ ၄၀၀ အပြေး
အမျိုးသမီး
- မီတာ ၄၀၀ အပြေး
- ဒိုက်ထိုး အကြိမ် ၃၀ (Push-Ups)
- မီတာ ၄၀၀ အပြေး
- အိပ်ထမတင် အကြိမ် ၃၀ (Sit-Ups)
- မီတာ ၄၀၀ အပြေး
- ထိုင်ထ အကြိမ် ၃၀ (Squats)
- ပန်းတိုင်ဆီသို့ မီတာ ၄၀၀ အပြေး
ပြိုင်ပွဲအဆင့်ဆင့်၏ အစဉ်အတိုင်းကို ပြောင်းလဲ၍မရပါ။ အားကစားသမားတိုင်းဟာ သတ်မှတ်ထားတဲ့ အစဉ်အတိုင်း ပြေးခြင်းနဲ့ လေ့ကျင့်ခန်းအဆင့်များအားလုံးကို မဖြစ်မနေ ပြီးမြောက်ရမှာဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ဒိုင်လူကြီးတွေက အနီးကပ် စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲပုံစံ
အဆင့် (၁) – HEAT BATTLES
အားကစားသမားအားလုံးဟာ ခန့်မှန်းခြေ လူဦးရေ ၁၀ ဦးမှ ၂၅ ဦးအထိ ပါဝင်မယ့် အရည်အချင်းစစ် အုပ်စုလိုက်အကြိုပြိုင်ပွဲတွေ (Qualification Heats) မှ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေကို အုပ်စုသီးခြားစီ ခွဲ၍ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ အုပ်စုတစ်ခုချင်းစီ၏ ပြိုင်ပွဲကို တစ်ပြိုင်နက်တည်း အတူတူစတင်ထွက်ခွာသည့် စနစ် (Mass-start format) ဖြင့် ကျင်းပမှာ ဖြစ်ပါတယ်။
သင် ပန်းဝင်တဲ့အချိန်ပေါ် မူတည်ပြီး သင့်ရဲ့အဆင့်သတ်မှတ်ချက် (Ranking) နဲ့ National Showdown ကို တက်ရောက်ခွင့် ရ/မရကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် စက္ကန့်တိုင်းက အရေးကြီးပါတယ်။
အဆင့် (၂) – NATIONAL SHOWDOWN
အချိန်တိုအတွင်းပန်း၀င်တဲ့ အမြန်ဆုံး အားကစားသမားတွေဟာ ယင်းပြိုင်ပွဲနေ့၏ နောက်ပိုင်းအချိန်တွင် ဆက်လက်ကျင်းပမည့် National Showdown ကို တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။
အရည်အချင်းသတ်မှတ်ချက်ကို အောက်ပါအတိုင်း သတ်မှတ်မှာဖြစ်ပါတယ်။
- အုပ်စုလိုက်အကြိုပြိုင်ပွဲ (Qualification Heat) တစ်ခုချင်းစီရဲ့ အနိုင်ရရှိသူအားလုံးဟာ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။
- ကျန်ရှိတဲ့နေရာတွေအတွက်ကိုတော့ အုပ်စုအားလုံးထဲမှာ အချိန်အမြန်ဆုံး ပန်း၀င်တဲ့ အားကစားသမားတွေကို ထပ်မံရွေးချယ် ပေးအပ်သွားမှာဖြစ်ပါတယ်။
National Showdown ဟာ တရားဝင် ပြိုင်ပွဲအနိုင်ရရှိသူတွေနဲ့ အဆင့်သတ်မှတ်ချက်တွေကို အတည်ပြု ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
အကောင်းဆုံး အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁၂ ဦးဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် International Final ကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
အဆင့် (၃) – INTERNATIONAL FINAL
National Event တစ်ခုချင်းစီမှ အကောင်းဆုံးအမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁၂ ဦးတို့ဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် International Final ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒါဟာ သင့်အတွက် အောက်ပါအခွင့်အရေးကောင်းတွေကို ဆုပ်ကိုင်နိုင်မယ့် အချိန်ပဲ ဖြစ်ပါတယ် -
- မိမိနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်း
- အရှေ့တောင်အာရှတစ်၀ိုက်က အကောင်းဆုံး အားကစားသမားတွေနဲ့ ယှဉ်ပြိုင်ခွင့် ရရှိခြင်း
- ပထမဆုံး Red Bull PowerRace International Champion ဖြစ်လာရန် အခွင့်အရေး
သင့်အသင်းအား သမိုင်းတစ်လျှောက် ပထမဦးဆုံးသော Red Bull PowerRace Mixed Team Championship ကို ဆွတ်ခူးနိုင်အောင် ၀င်ရောက်အားဖြည့်လိုက်ပါ။
လေ့ကျင့်ခန်းစံနှုန်းများ (EXERCISE STANDARDS)
ကစားသမားအားလုံးဟာ မျှမျှတတနဲ့ တညီတညွတ်တည်း ဖြစ်စေဖို့အတွက် လေ့ကျင့်ခန်းအကြိမ်ရေ အားလုံးကို တရားဝင် သတ်မှတ်ထားတဲ့ လှုပ်ရှားမှုစံနှုန်းတွေနဲ့အညီ ပြည့်မီအောင် ပြုလုပ်ရပါမယ်။
ဒိုက်ထိုးခြင်း (Push-Ups)
- လှုပ်ရှားမှုပြုလုပ်နေစဉ် တစ်လျှောက်လုံးမှာ န္ဓာကိုယ်ဟာ အဖြောင့်အတိုင်း ရှိနေရပါမယ်။
- ရင်ဘတ်ကို သတ်မှတ်ထားတဲ့ အနိမ့်ဆုံးအထိ နိမ့်ချရပါမယ်။
- အပေါ်ဆုံးအနေအထားကို ရောက်ရှိချိန်မှာ လက်မောင်းတွေကို အဆုံးထိ ဆန့်တန်းရပါမယ်။
အိပ်ထမတင် (Sit-Ups)
- လှဲလျောင်းနေတဲ့ အနေအထားကနေ စတင်ရပါမယ်။
- သတ်မှတ်ထားတဲ့ မတ်မတ်ထိုင်တဲ့ အနေအထားကို ရောက်ရှိရပါမယ်။
- နောက်တစ်ကြိမ် မစတင်ခင်မှာ ပခုံးတွေဟာ ကြမ်းပြင်ကို ပြန်လည်ထိကပ်ရပါမယ်။
ထိုင်ထ (Squats)
- မတ်တပ်ရပ်နေတဲ့ အနေအထားကနေ စတင်ရပါမယ်။
- ပေါင်တွေကို အနည်းဆုံး ကြမ်းပြင်နဲ့ အပြိုင်အနေအထားအထိ ရောက်ရှိရပါမယ်။
- နောက်ဆုံးမှာ မတ်မတ်ရပ်နေတဲ့ အနေအထားကို ပြန်လည်ရောက်ရှိရပါမယ်။
အကြိမ်ရေအားလုံးကို တရားဝင်သတ်မှတ်ထားတဲ့ လှုပ်ရှားမှုစံနှုန်းတွေနဲ့အညီ ပြုလုပ်ခြင်း ရှိ/မရှိ သေချာစေဖို့အတွက် လေ့ကျင့်ခန်းနေရာ (Power Station) တိုင်းမှာ တာဝန်ခံဒိုင်လူကြီးတွေက စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပါတယ်။
အရေးကြီးသော စည်းမျဉ်းများ
ပြိုင်ပွဲဝင် နံပါတ်ပြား (Race Bib)
သင့်ရဲ့ ပြိုင်ပွဲဝင်နံပါတ်ပြားကို အင်္ကျီရဲ့ အရှေ့ဘက်မှာ ချိတ်ဆွဲထားရမှာဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးမှာ ရှင်းလင်းစွာ မြင်တွေ့နေရပါမယ်။
နားကြပ် အသုံးမပြုရ (No Headphones)
ပြိုင်ပွဲအတွင်း နားကြပ်တွေ (Headphones၊ Earphones) နဲ့ အလားတူ အသံထွက်ပစ္စည်းကိရိယာများ အသုံးပြုခွင့်မရှိပါ။
သတ်မှတ်လမ်းကြောင်းအတိုင်း ယှဉ်ပြိုင်ရန် (Follow the Course)
အားကစားသမား အားလုံးဟာ တရားဝင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လိုက်နာရမှာဖြစ်ပြီး ပြိုင်ပွဲအဆင့်တစ်ခုချင်းစီကို အစဉ်လိုက်အတိုင်း အပြည့်အဝ ပြီးမြောက်ရပါမယ်။
သတ်မှတ်ထားသော လေ့ကျင့်ခန်းနေရာ (Assigned Power Station)
လေ့ကျင့်ခန်း အကြိမ်ရေအားလုံးကို မိမိအား သတ်မှတ်ပေးထားတဲ့ လေ့ကျင့်ခန်းနေရာ (Power Station) မှာသာ ပြုလုပ်ရပါမယ်။
ဖိနပ် (Footwear)
သင့်တော်သော အပြေးဖိနပ်တွေကို မဖြစ်မနေ ၀တ်ဆင်ရပါမယ်။ ခလုတ်ပါတဲ့ ဖိနပ်တွေ (Spiked shoes) စီးနင်းခွင့်မပြုပါ။
သန့်ရှင်းစွာ ယှဉ်ပြိုင်ရန် (Fair Play)
ပြိုင်ပွဲ၀င် အားကစားသမားများ ၊ ဒိုင်လူကြီးများ ၊ စေတနာ့ဝန်ထမ်းများနဲ့ ပွဲစီစဉ်သူ ဝန်ထမ်းများကို အချိန်ပြည့် လေးစားမှုရှိရပါမယ်။ အားကစားစိတ်ဓာတ် မပြည့်၀သောအပြုအမူများ ပြုလုပ်ပါက ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံရနိုင်ပါတယ်။
လုံခြုံရေးကို ဦးစားပေးပါ (Safety First)
ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခြင်းကြောင့် သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ္လို့ ဆေးဘက်ဆိုင်ရာအဖွဲ့က ဆုံးဖြတ်ပါက သင့်အား ပြိုင်ပွဲမှ ချက်ချင်း ရပ်နားစေနိုင်ပါတယ်။
မိမိသဘောဆန္ဒအရ ပါ၀င်ယှဥ်ပြိုင်ခြင်း
ပါဝင်ယှဉ်ပြိုင်ခြင်းဟာ အားကစားသမားရဲ့ မိမိသဘောဆန္ဒအလျောက်ဖြင့်သာ ဖြစ်ပါတယ်။ သက်ဆိုင်ရာတည်ဆဲဥပဒေအရ တာဝန်ယူရန် လိုအပ်သည့်ကိစ္စရပ်များမှလွဲပြီး ပွဲစီစဉ်သူအနေနဲ့ တစ်စုံတစ်ရာ တာဝန်ယူမှာမဟုတ်ပါ။
ဘာတွေယူလာရမလဲ?
သီးသန့်အသုံးအဆောင်ပစ္စည်းတွေ မလိုအပ်ပေမဲ့ အောက်ပါပစ္စည်းတွေကိုတော့ ယူဆောင်လာဖို့ အကြံပြုပါတယ်။
- သက်တောင့်သက်သာရှိတဲ့ အားကစားဝတ်စုံ
- အပြေးပြိုင်ပွဲအတွက် သင့်တော်တဲ့ အပြေးဖိနပ်
- ရေသန့်ဘူး
- လဲလှယ်ဖို့ အဝတ်အစား
- တစ်နေ့တာလုံးအတွက် သင်လိုအပ်မယ့် အစားအစာများ
ပွဲစီစဉ်သူတွေဘက်က ပြိုင်ပွဲအပြီးမှာ ရေသန့် ၊ ဓာတ်ဆားရည် ၊ အားဖြည့်အချိုရည်နဲ့ Energy bars မုန့်တွေကို စီစဉ်ပေးထားမှာဖြစ်ပါတယ်။
အရေးကြီးဆုံးအနေနဲ့ကတော့
- အကောင်းမြင်တတ်တဲ့စိတ်ဓာတ်ကိုယူဆောင်လာပါ။
- ယှဉ်ပြိုင်လိုစိတ်ပြင်းပြမှုကို ယူဆောင်လာပါ။
သင်အဆင်သင့်ဖြစ်ပြီလား?
- သင့်ရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ပြီး ယှဉ်ပြိုင်လိုက်ပါ။
- National Showdown မှာ သင့်နေရာကို အရယူလိုက်ပါ။
- ဘန်ကောက်မြို့မှာ သင့်နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ပါ။
- ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ကျင်းပမယ့် Red Bull PowerRace ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါ၀င်လိုက်ပါ။